ဆစ်ဖလစ်ကာလသားရောဂါဆိုတာ ဘာဖြစ်ပါသလဲ။

ဆစ်ဖလစ်ကာလသားရောဂါ (Syphilis) ဟာ ထရီပိုနီမာ ပလီဒမ် (Treponema pallidum) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် လိင်စပ်ယှက်ရာမှဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။

ယောက်ျားတွေနှင့် မိန်းမတွေဟာ ဆစ်ဖလစ်ကာလသားရောဂါကို ရနိုင်ပါတယ်။


ကျွန်ုပ် ဆစ်ဖလစ်ကာလသားရောဂါကို ဘယ်လိုရပါသလဲ။


သင် ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံရနိုင်တဲ့နည်းတွေဟာ-
• တစ်စုံတစ်ယောက်ရဲ့ ဆစ်ဖလစ် အနာ ဒါမှမဟုတ် အဖု တို့နဲ့ထိတွေ့ခြင်း ဒီအနာ ဒါမှမဟုတ် အဖုကို မြင်ဖို့ခက်ခဲတဲ့တိုင်အောင်ဖြစ်ပါတယ် တို့ကို မြင်ဖို့ ခက်ခဲတဲ့တိုင်အောင် အနာ ဒါမှမဟုတ် အဖုတို့နဲ့ ထိတွေ့ခြင်းကနေ ကူးစက်နိုင်ပါတယ်။
• ကွန်ဒုံးအစွပ်မပါဘဲ ပါးစပ်ဖြင့်၊ မိန်းမအင်္ဂါဇာတ်ဖြင့် ဒါမှမဟုတ် စအိုဖြင့် လိင်စပ်ယှက်ခြင်း
• ရောဂါရှိတဲ့သွေးကို ထိတွေ့ခြင်း
• ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကလေးကို ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်စေနိုင်ပါတယ်

ဆစ်ဖလစ်ကာလသားရောဂါနှင့် နို့စို့ကလေးငယ်များ (မွေးရာပါ ဆစ်ဖလစ်)


ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ သွေးကတစ်ဆင့် ကလေးကို ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကလေးငယ်မှာ အသေမွေးလာနိုင်တယ် ဒါမှမဟုတ် ကိုယ်ခန္ဓာ ချို့ယွင်းပြီးမွေးလာနိုင်ပါတယ်။ အဲဒါကို မွေးရာပါ ဆစ်ဖလစ်ကာလသားရောဂါလို့ခေါ်ပါတယ်၊ သြစတြေးလျနိုင်ငံမှာ ရှားရှားပါးပါးပါဘဲ။
ကလေးငယ်တွေဟာ များသောအားဖြင့် ဆစ်ဖလစ် ရောဂါလက္ခဏာတွေ မရှိဘဲ မွေးလာတတ်ပါတယ်၊ သို့သော်လည်း သူတို့တွေ အလွန် နေထိုင်မကောင်းဖြစ်နိုင်ပါတယ်။

ကျွန်ုပ်မှာ ဆစ်ဖလစ်ကာလသားရောဂါ ရှိမရှိ ကျွန်ုပ် ဘယ်လိုသိရမှာလဲ။


များသောအားဖြင့် ဆစ်ဖလစ်ရောဂါလက္ခဏာတွေ မရှိကြပါဘူး၊ အဲဒါကြောင့် ဆစ်ဖလစ်ရောဂါ ရှိတဲ့လူတွေဟာ ကျန်းမာပြီး နေထိုင်ကောင်းနေနိုင်ပါတယ်။ သွေးစစ်ဆေးမှုတစ်ခုတည်းကသာ သင့်မှာ ဆစ်ဖလစ် ရှိမရှိ ပြောနိုင်ပါတယ်။

အမျိုးသမီးတွေဟာ ကိုယ်ဝန် ပထမ 12 ပတ်မှာ ဒါမှမဟုတ် ဆရာဝန်ဆီ ပထမအကြိမ်သွားရောက်စဉ်မှာ ဆစ်ဖလစ်စစ်ဆေးမှုကို လုပ်သင့်ပါတယ်။ အချို့အမျိုးသမီးတွေကို ကိုယ်ဝန်နောက်ပိုင်းကာလမှာ ဆစ်ဖလစ် ပြန်စစ်ဆေးနိုင်ပါတယ်။

တကယ်လို့ ကျွန်ုပ်မှာ ဆစ်ဖလစ်ကာလသားရောဂါရှိရင် ကျွန်ုပ် ဘာလုပ်ရမလဲ။


• သင် ဆစ်ဖလစ်အတွက် ကုသမှု မပြီးမချင်း ကွန်ဒုံးအစွပ်နဲ့ပင်လျှင် လိင်စပ်ယှက်မှုကို ရပ်ဆိုင်းပါ။
• တကယ်လို့ သင့်မှာ ဆစ်ဖလစ်ရှိရင် သင့်ရဲ့ လိင်စပ်ယှက်သူ ဒါမှမဟုတ် လိင်စပ်ယှက်သူတွေကို ပြောပြပါ သို့မှသာ သူတို့တွေ စစ်ဆေးမှုခံယူနိုင်ပါတယ်။
သင့်ဆရာဝန်အနေနဲ့ သင့်မှာဆစ်ဖလစ်ရှိကြောင်း ဘယ်သူ့ကိုပြောရမလဲဆိုတာ ကူညီဆုံးဖြတ်ပေးမှာဖြစ်ပြီး အဲ့ဒီသူတွေကိုပြောဖို့ သင့်ကိုကူညီပေးနိုင်ပါတယ်။

ဆစ်ဖလစ်ကာလသားရောဂါကို ကုသပေးနိုင်ပါသလား ဒါမှမဟုတ် ပျောက်ကင်းနိုင်ပါသလား။


• ဟုတ်ပါတယ်၊ ဆစ်ဖလစ်ကို ထိုးဆေးတွေနဲ့ ကုသပျောက်ကင်းစေနိုင်ပါတယ်။ ကုသမှု အတိုင်းအတာမှာ ဆစ်ဖလစ် ရောက်ရှိနေတဲ့ အဆင့်အပေါ်မှာ မူတည်ပါတယ်။ သင် ဆရာဝန်ရက်ချိန်းတိုင်းကိုသွားဖို့ သေချာအောင်လုပ်ပါ။
• သင် ဆစ်ဖလစ်ကို ကုသမှုပြီးဆုံးပြီးနောက်မှာ ပျောက်ကင်းပြီးဖြစ်ကြောင်း သေချာအောင် သင် နောက်ထပ်စစ်ဆေးမှုတစ်ခု လုပ်ရမယ်။
• အမျိုးသမီးတွေဟာ ကိုယ်ဝန်အစဦးပိုင်းမှာ ကလေးဆီ ဆစ်ဖလစ် မကူးစေဖို့အတွက် ဆစ်ဖလစ်ကာလသားရောဂါ ကုသမှု ခံယူနိုင်ပါတယ်။
• သင်ဟာ ယခင်က ဆစ်ဖလစ်ကို ပျောက်ကင်းအောင်ကုသခဲ့သည့်တိုင်အောင် သင့်အနေနဲ့ ဆစ်ဖလစ်ကို နောက်ထပ်တဖန် ကူးစက်ခံရနိုင်ပါသေးတယ်။

ဆစ်ဖလစ် မကူးစက်ခံရအောင် ကျွန်ုပ် ကိုယ်ကိုကျွန်ုပ် ဘယ်လို


အကာအကွယ်ပေးနိုင်ပါသလဲ။
• သင်ကိုယ်တိုင်နှင့် သင့်ရဲ့လိင်စပ်ယှက်သူကို ဆစ်ဖလစ်အတွက် စစ်ဆေးထားပါ။ တကယ်လို့ သင့်မှာ လိင်စပ်ယှက်သူ တစ်ဦးထက်ပိုရှိရင် ဒါမှမဟုတ် သင့်ရဲ့လိင်စပ်ယှက်သူဟာ အခြားလူတွေနဲ့ လိင်စပ်ယှက်ရင် ဆစ်ဖလစ်အတွက် ပုံမှန် စစ်ဆေးထားပါ။ သင့်မှာ လိင်စပ်ယှက်သူ များများရှိလေ၊ ဆစ်ဖလစ်ရဖို့ အန္တရာယ် များလေဖြစ်ပါတယ်။
• သင်ကိုယ်တိုင်နှင့် သင့်ရဲ့လိင်စပ်ယှက်သူတွေဟာ စစ်ဆေးထားပါ သို့မှသာ သင် ဆစ်ဖလစ်ကာလသားရောဂါကို တစ်ယောက်ကိုတစ်ယောက် ဆက်လက်ပြီးကူးစက်ပေးစေမှာ မဟုတ်ပါဘူး ဒါမှမဟုတ် အခြားသူတွေကို ကူးစက်စေမှာ မဟုတ်ပါဘူး။
• တကယ်လို့ သင်ဟာ အခြားသူတွေနဲ့လည်း လိင်စပ်ယှက်ရင် သင် လိင်စပ်ယှက်နေကျသူနဲ့ပင် မိန်းမအင်္ဂါဇာတ်၊ စအိုနှင့်ပါးစပ်ဖြင့် လိင်စပ်ယှက်စဉ် ကွန်ဒုံးအစွပ်ကို သုံးပါ။
• လိင်စပ်ယှက်သူအသစ်ကို သင် သူ့နှင့်လိင်မစပ်ယှက်မီ ကွန်ဒုံးအစွပ်သုံးဖို့ ပြောပါ
• ဆစ်ဖလစ်ရောဂါရှိသူနှင့် သူ့ရဲ့ကုသမှု မပြီးမချင်း ကွန်ဒုံးအစွပ်နဲ့ပင်လျှင် လိင်မစပ်ယှက်ပါနှင့်။

ကျွန်ုပ် တစ်ယောက်ယောက်ကို ဆစ်ဖလစ် မကူးစက်ဖို့သေချာအောင် ဘယ်လိုလုပ်နိုင်ပါသလဲ။


• သင့်ရဲ့ကုသမှု မပြီးမချင်း ကွန်ဒုံးအစွပ်နဲ့ပင်လျှင် တစ်ယောက်ယောက်နဲ့ လိင်မစပ်ယှက်ပါနှင့်။
• တကယ်လို့ သင့်မှာ လိင်စပ်ယှက်သူ တစ်ဦးထက်ပိုရှိရင် ဒါမှမဟုတ် သင့်ရဲ့လိင်စပ်ယှက်သူဟာ အခြားသူတွေနှင့် လိင်စပ်ယှက်ရင် ဆစ်ဖလစ် အတွက် ပုံမှန် စစ်ဆေးထားပါ။ သင်ဟာ ဆစ်ဖလစ်ကို နောက်ထပ်တဖန် ရနိုင်ပါတယ်။

အကူအညီနှင့် အကြံဥာဏ်ကို ကျွန်ုပ် ဘယ်နေရာမှာ ရနိုင်ပါသလဲ။


သင် အကူအညီ ရနိုင်တဲ့သူတွေဟာ-
• ဆရာဝန်
• လိင်ဆိုင်ရာ ကျန်းမာရေး ဆေးခန်း
• လူမျိုးစု အသိုင်းအဝိုင်း ကျန်းမာရေး ဝန်ဆောင်မှု
• မိသားစု သားသမီး အရေး စီမံ စင်တာ

နောက်ထပ် အချက်အလက်များ