လိင်ဆက်ဆံရာမှတဆင့် ကူးစက်ပျံ့နှံ့နိုင်သော ရောဂါကူးစက်မှုများ ‘STI’ ဆိုသည်မှာ ဘာလဲ။

STI ဆိုသည်မှာ လိင်ဆက်ဆံရာမှတဆင့် ကူးစက်ပျံ့နှံ့နိုင်သော ရောဂါကူးစက်မှုများ (Sexually Transmissible Infections) ရဲ့ အတိုကောက်ဖြစ်ပါတယ်။

STI များသည် သင် လိင်ဆက်ဆံခြင်းပြုရင် ကူးစက်ရရှိနိုင်တဲ့ ရောဂါများနဲ့ မမာမကျန်းဖြစ်ခြင်းများကို ဆိုလိုပါတယ်။


STI တစ်မျိုးမျိုးကို ကျွန်ုပ် ဘယ်နည်းနဲ့ရလာနိုင်သလဲ။


STI ရောဂါပိုးများဟာ အရေပြားရော၊ သွေးထဲ ဒါမှမဟုတ် သုတ်ရည်နဲ့ အမျိုးသမီးအင်္ဂါဇာတ်မှ အရည်များမှာပါ ရှင်သန်နေထိုင်ပါတယ်။

သင့်အနေနဲ့ STI ကို လိင်ဆက်ဆံခြင်း (အမျိုးသမီးအင်္ဂါဇာတ်၊ စအို ဒါမှမဟုတ် ပါးစပ်တွင် လိင် ဆက်ဆံခြင်ဒါမှမဟုတ် လိင်အင်္ဂါဇာတ်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ ကူးစက်ရရှိနိုင်ပါတယ်။

တကယ်လို့ သင် ကွန်ဒုံး အသုံးမပြုခဲ့ရင် သင့်အနေနဲ့ STI ကူးစက်ရရှိနိုင်ပါတယ်။

STI များက ခန္ဓာကိုယ်မှာ ဘယ်လို ဖြစ်လာစေသလဲ။


STI များက အမျိုးသမီးများအား အောက်ပါအချက်များကို ဖြစ်စေနိုင်ပါတယ် –

  • ဝမ်းဗိုက်မှာ ဆိုးဆိုးဝါးဝါး နာကျင်ခြင်း
  • အမျိုးသမီးအင်္ဂါဇာတ်မှ အရည်ဆင်းခြင်း (discharge)
  • အမျိုးသမီးအင်္ဂါဇာတ်အနီးမှာ အစက်အပျောက်များပေါ်လာခြင်း
  • သန္ဓေသားက သားအိမ်ရဲ့ပြင်ပမှာ ကြီးထွားခြင်း
  • အမျိုးသမီးကို ကလေး အလွန်စောပြီး မွေးစေခြင်း (ကိုယ်ဝန်ပျက်ခြင်း)
  • ကလေးကို လွန်မင်းစွာ ဖျားနာစေခြင်း တို့ဖြစ်ပါတယ်။

STI များက အမျိုးသားများအား အောက်ပါအချက်ကို ဖြစ်စေနိုင်ပါတယ်။ –

  • အမျိုးသားက သားသမီးရခြင်
  • အမျိုးသားလိင်တံမှ အရည်ဆင်းခြင်း (discharge)
  • အမျိုးသားလိင်တံမှာ အစက်အပျောက်များဖြစ်စေခြင်း
  • ဆီးသွားသည့်အခါမှာ ပူလောင်နာကျင်စေခြင်း တို့ဖြစ်ပါတယ်။

ကျွန်ုပ်မှာ STI တစ်မျိုးမျိုး ရှိ၊မရှိ ဘယ်လို သိနိုင်မလဲ။


လူအများမှာ နေထိုင်ကောင်းနေပြီး ရောဂါ လက္ခဏာပုံစံများ မရှိတဲ့အတွက် မိမိတို့မှာ STI ရှိမှန်း မသိကြပါ။ သေချာအောင် သိရှိနိုင်တဲ့ တစ်ခုတည်းသောနည်းက စစ်ဆေးခြင်း ဖြစ်ပါတယ်။ STI အမျိုးမျိုးအတွက် စစ်ဆေးတဲ့နည်း အမျိုးမျိုး ရှိပါတယ်။ စစ်ဆေးခြင်းတွေက           

  • သင့်ဆီးကို စစ်ဆေးခြင်း
  • သင့်သွေးကို စစ်ဆေးခြင်း
  • သင့် လိင်အင်္ဂါ ရောဂါကူးစက်မှု ရှိ၊မရှိသိရန် ဂွမ်းဖတ်နဲ့တို့ပြီး စစ်ဆေးခြင်း တို့ဖြစ်ပါတယ်။

 

သင့်အနေနဲ့ စစ်ဆေးတဲ့နည်း တစ်မျိုးထဲသာ ဒါမှမဟုတ် စစ်ဆေးတဲ့နည်း သုံးမျိုးလုံးနဲ့ စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ သင့်ဆရာဝန်က သင့်ကိုဘယ်စစ်ဆေးတဲ့နည်းတွေ လုပသင့်တယ်ဆိုတာ ပြောပါလိမ့်မယ်။

STI တွေကို ထိန်းသိမ်းကုသမှု ဒါမှမဟုတ် ပျောက်ကင်းအောင်ကုသမှု ပြုနိုင်ပါသလား။


တစ်ချို့ STI တွေက ဆေးဝါးများနဲ့ လွယ်ကူစွာ ကုသပျောက်ကင်းနိုင်ပါတယ်။ တစ်ချို့ကတော့ ထိန်းသိမ်းကုသနိုင်ပြီး ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။

သင့်အနေနဲ့ ဆေးဝါးကုသမှု ပြီးဆုံးပြီး STI က ပျောက်ကင်းနေစေကာမူ STI ထပ်မံ ကူးစက်ရရှိနိုင်ပါတယ်။

ကျွန်ုပ် ဘယ်အချိန်မှာ စစ်ဆေးမှု ခံယူရမလဲ။


တကယ်လို့ အောက်ပါအချက်များဖြစ်ခဲ့ပါက သင့်အနေနဲ့ STI ရှိ၊မရှိ စမ်းသပ်စစ်ဆေးမှု ပြုပါ –

  • သင် ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်း (အမျိုးသမီးအင်္ဂါဇာတ်၊ စအို ဒါမှမဟုတ် ပါးစပ်မှာ လိင်ဆက်ဆံခြင်း) ပြုလုပ်ခဲ့ရင်
  • သင့်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့နေရရင်
  • သင့် လိင်ဆက်ဆံရေးဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ပူပန်နေရရင်
  • သင့်မှာ STI တစ်မျိုးမျိုးရှိနေနိုင်သည်ဟု ထင်မြင်ယူဆရင်
  • သင့်ကွန်ဒုံးက လိင်ဆက်ဆံနေစဉ် သင့်ကွန်ဒုံးကပေါက်သွားခြင်း ဒါမှမဟုတ် ပြုတ်ထွက်သွားခြင်း

ဖြစ်ခဲ့ရင်

  • သင် ဒါမှမဟုတ် သင့် ကြင်ဖော်ကြင်ဖက်က တစ်ပါးသူနဲ့ လိင်ဆက်ဆံခဲ့ရင်
  • သင် ဒါမှမဟုတ် သင့် ကြင်ဖော်ကြင်ဖက်က ယခင်က တစ်ပါးသူ နဲ့ လိင်ဆက်ဆံခဲ့ဘူးရင်
  • မူးယစ်ဆေးဝါးထိုးသွင်းဖို့ အပ်တွေ၊ ဆေးထိုးပြွန်တွေနဲ့ ဇွန်းတွေကို သူတစ်ပါးနဲ့

အတူမျှပြီး အသုံးပြုရင်

  • သင် လိင်ဆက်ဆံမှုဆိုင်ရာ အဖော်အသစ် စတင်ခဲ့ရင် တို့ဖြစ်ပါတယ်။

STI ရှိ၊မရှိ စစ်ဆေးမှု ဆိုသည်မှာ ဘာလဲ။


ဒီစစ်ဆေးမှုတွေက မြန်ဆန်ပြီး  နာကျင်မှုကင်းကာ ပုံမှန်အားဖြင့် အခမဲ့ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေက အမျိုးသားတွေနဲ့ အမျိုးသမီးတွေအတွက် တူကြပါဘူး။ ဆရာဝန် ဒါမှမဟုတ် သူနာပြုက သင့်ခန္ဓာကိုယ်မှ အရည် အနည်းငယ် ဥပမာ၊ ဆီး (သေး)၊ သွားရည် (တံတွေး)၊ အမျိုးသမီးအင်္ဂါဇာတ်မှ အရည် ဒါမှမဟုတ် သွေးကို ယူပါလိမ့်မယ်။ တစ်ချို့ စစ်ဆေးမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။

 

စစ်ဆေးတွေ့ရှိချက်တွေ ရရှိဖို့ အချိန် တစ်ပါတ်မှ နှစ်ပါတ်အထိ ကြာမြင့်ပါတယ်။

ကျွနုပ်ကို စစ်ဆေးတွေ့ရှိချက်က ‘ရှိသည်’ ‘positive’ ဟူ၍ဖြစ်ပါတယ်။ ကျွန်ုပ် ဘာလုပ်ရမလဲ။


ရှိသည် ‘positive’ ဟုတွေ့ရှိခြင်းက သင် STI ရောဂါရှိနေပြီလို့ ဆိုလိုပါတယ်။ သင့်အား မြန်ဆန်ပြီး လွယ်ကူစွာ အသုံးပြုနိုင်တဲ့ဆေး ပေးပါလိမ့်မယ်။

တစ်ချို့ STI များမှာ ထိန်းသိမ်းရုံကုသနိုင်ပြီး ပျောက်ကင်းအောင် မကုသနိုင်ကြောင်း သတိပြုစေလိုပါတယ်။

ကျွန်ုပ်မှာ STI တစ်မျိုးမျိုး ရှိနေကြောင်း တစ်ခြားသူများကို ပြောဖို့ လိုအပ်ပါသလား။


သင့်အနေနဲ့ သင်လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်ကို ပြောပြသင့်တယ်၊ ဒါ့အပြင် သင့် လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်ကလည်း စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ တကယ်လို့ သင့် လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်က စမ်းသပ်စစ်ဆေးမှုမပြုလုပ်ဘဲ ဆေးလည်း မသောက်ခဲ့ရင် သင်တို့ အချင်းချင်း STI အပြန်အလှန် ကူးစက်ခြင်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ သင်က သင့် လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်ကို ပြောပြဖို့ မဖြစ်နိုင်ရင် သင့်ဆရာဝန် ဒါမှမဟုတ် သူနာပြုအား သူ့ကိုပြောပြခိုင်းပါ။ သူတို့က သင့် လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်ကို သင့်အကြောင်း ပြောပြခြင်းမပြုပါ။ ဒီအခြေအနေကို ‘ထိတွေ့ဆက်ဆံမှုကို ခြေရာခံလိုက်ခြင်း ‘contact tracing’ လို့ခေါ်ပါတယ်။

သင့်အနေနဲ့ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ပြောဖို့ မလိုပါ –

  • အလုပ်မှ အကြီးအကဲ
  • လုပ်ဖော်ကိုင်ဖက်များ
  • မိတ်ဆွေအပေါင်းအသင်းများ
  • မိသားစု

ကျွန်ုပ်ထံမှ STI တစ်မျိုးမျိုး သူတစ်ပါးကို မကူးစက်အောင် ကျွန်ုပ် ဘယ်လို ရှောင်ကြဉ်နိုင်မလဲ။


  • သင်နှင့် သင့် လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်တို့ ဆေးစားသုံးမှု မပြီးဆုံးခင်

လိင်ဆက်ဆံခြင်း မပြုရပါ။

  • ကွန်ဒုံး အသုံးပြုပါ။

STI မရရှိအောင် ကျွန်ုပ် ဘယ်လို ရှောင်ကြဉ်နိုင်မလဲ။


STI ကူးစက်မှုကို ရှောင်ကြဉ်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲ အသုံးပြုခြင်း ဖြစ်ပါတယ်။

နောက်ထပ် အချက်အလက်များ